ပတ်စ်ပို့အတုဖြင့် မြန်မာနိုင်ငံမှ မွတ်ဆလင် ၁၆ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ

ဘင်္ဂလာဒေခ်ျ့  ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် ကြိုးစားသူ မြန်မာနိုင်ငံသား မွတ်ဆလင် ၁၆ဦးကို ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့မှ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က  ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများနှင့် သက်သေခံ အထောက်အထားများ (ဓါတ်ပုံ- Star)
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းများတွင်  ရိုဟင်ဂျာများ ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလီများဟု ခေါ်ဆိုသူ ၁၆ ဦးအား  ဒက္ကားလေဆိပ်မှနေ၍ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ မထွက်ခွာမီ ဒက္ကားလေဆိပ်သို့ အ၀င်တွင် ဘင်္ဂလာရဲက ဖမ်းမိခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်က ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအတွက် ထောင်ဒဏ်ကျ

ပြည်ပရောက် မြန်မာတွေပြန်လာဖို့ သမ္မတက ဒီနှစ်ဆန်းမှာ ဖိတ်ခေါ်လိုက်တဲ့နောက် ထိုင်းမြန်မာ နယ်စပ်ကနေ ပြန်သွားတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူအရင်က စွပ်စွဲခံထားရတဲ့ တရာရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုစောကျော်ကျော်မင်းရဲ့ ဆရာ ဥပဒေအကြံပေး ဦးခင်မောင်ရှိန်က RFA ကို အခုလိုပြောပါတယ်။

ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်းရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇ ဘုရားဝင်း အတွင်းမှာ ဖြစ်ပါတယ်။